Local News

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်နှင့် Russia-Myanmar Association for Friendship and Cooperation မှ Senior Vice President ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံ

Last Updated:

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးအား Russia-Myanmar Association for Friendship and Cooperation မှ Senior Vice President, Mr. Anatoly Bulochnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံ ကုန်သွယ်မှုကို တိုးတက်ပြုလုပ်နိုင်ရန်အတွက် ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များအား ပံ့ပိုးပေးနိုင်ရန်၊ အသား၊ ငါး၊ သစ်သီးဝလံနှင့် စားသောက်ကုန်များ ပြုပြင်ထုတ်လုပ်၍ တင်ပို့/တင်သွင်း ခြင်း ပြုလုပ်နိုင်ရန်နှင့် ရုရှားနိုင်ငံသို့ တင်ပို့ရန်အလားအလာရှိသည့် ထုတ်ကုန်များအကြောင်းတို့ကို ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ကုန်သွယ်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီး ဌာနမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါသည်။

Category: Local News